အရင်တုန်းက ရေးမယ်ရေးမယ်ဆိုပြီး
ရည်ရွယ်ထားတာ များနေပါပြီ။ ဒီဇိုင်းတွေ စိတ်တိုင်းမကျရင် ပိုစ့်တွေ မရေးဖြစ်တော့ဘူး။
အဲဒီလိုနဲ့စိတ်တွေ ယိုင်တိယိုင်တိုင်နဲ့ ခံစားချက်တွေဖွင့်ဟဖို့ အကောင်းဆုံး နားထောင်ပေးမယ့်အဖော်မွန်ဟာ
ဒီပလောက်ကဖြစ်ပြီး ကျနော့်ရဲ့ပလေက်ကို လာဖတ်တဲ့သူတွေသာဖြစ်တယ်။ ဒါကြောင့်မို့လို့ ဖောင့်မရှိတဲ့သူလည်း
ဖတ်လို့အဆင်ပြေအောင် စီစဉ်ထားပါတယ်။ ကျနော်က စံချိန်စံနှုန်းလိုက်နာတဲ့ ယူနီကုတ်ဖောင့်ကိုသာ
အားပေးတဲ့သူတစ် ယောက်ဖြစ်တဲ့အတွက် အရင်တုန်းက ဘယ်လိုမှ အဆင်မပြေခဲ့ပါဘူး။ ကျနော့်ရဲ့
ဖေ့ဘုတ် စတေးတပ်တွေဟာ ပြန်ရှာရခက်ပြီး နယူးဖိစ်တွေ တက်တာများသွားရင် ပြန်ရှာလို့မရတော့ဘူး။
အနာဟောင်းက ရင်ထဲမှာကျန်နေသေးပေမယ့် ဖေ့ဘုတ်က အလျင်အမြန်နဲ့ပဲ မေ့စေသလိုမျိုး ဖြစ်တဲ့အတွက်
ကျနော်လည်း ပြန်ရှာလို့လွယ်တဲ့ ပလောက်ဖက်ကို ခေါင်းဦးလည့်လာရတော့တယ်။ ဒါကြောင့် အားပေးကြပါအုံးလို့။
လာရောက်ဖတ်ရှုပေးတဲ့အတွက်လည်း ကြိုတင်ပြီး ကျေးဇူးတင်ပါတယ်။ ကျနော်စိတ်ထဲမှာရှိသမျှကို
ရေးချမျှဝေမှာဖြစ်ပါတယ်။ ဒါကြောင့် ကျနော့်အတွေး ကျနော့်အမြင် ကျနော့်ခံယူချက်များနှင့်
ခံစားချက်ဝှက်ဖဲများ လို့ မိုထိုတင်ထားတာပါ။
No comments:
Post a Comment